သင့်ဝက်ခြံကို ပိုဆိုးလာစေမယ့် အမူအကျင့် ၇ မျိုး
ဝက်ခြံကို ကုသဖို့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာရဲ့လား။ ဝက်ခြံပျောက်အောင် အားလုံးလုပ်ပြီးပြီလို့သင်ယူဆပါသလား။ ဒါပေ မယ့် အချို့သော အမူအကျင့်တွေဟာ သင်ကြိုးစားထားသမျှကို သဲထဲရေသွန် ဖြစ်သွားစေနိုင်ပါတယ်။ ကဲ သင့်ဝက်ခြံတွေကို ပိုဆိုးသွား စေနိုင်မယ့် အကျင့်ဆိုး ၇ မျိုးကို ကြည့်လိုက်ရအောင်။
၁။ မျက်နှာနဲ့ ညစ်ပတ်တဲ့ အရာတွေ ထိတွေ့ခြင်း။
သင့်မျက်နှာကို လက်ညစ်ပတ်ကြီးနဲ့ ကိုင်ရင် မျက်နှာအရေပြားပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာပါလိမ့်မယ်။ လက်နဲ့မကိုင်ဘူး၊ မထိဘူးဆိုရင်လည်း တခြားအရာတွေကို သတိထားရပါဦးမယ်။ လက်ကိုင်ဖုန်း၊မိတ်ကပ်ဘရပ်ရှ် အစရှိတဲ့ အရာတွေကို မျက်နှာနဲ့ ကပ်တဲ့အခါ မျက်နှာက အဆီနဲ့ ချွေးတွေဟာ အဆိုပါ အရာဝတ္ထုပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပြီး မသန့်စင်ဘဲ ဒီတိုင်းထားမယ်ဆိုရင်နောက်တစ်ကြိမ်ဒီအရာတွေနဲ့ သင့်မျက်နှာထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေ သင့်မျက်နှာအရေပြားပေါ်မှာ ပေါက်ပွားလာမှာဖြစ်တဲ့အတွက် ဝက်ခြံအများအပြားထွက်စေပါလိမ့်မယ်။ ဒါကြောင့် မျက်နှာနဲ့ ထိတွေ့နေရတဲ့ အရာဝတ္ထုတွေကို သင့်တော်သလို ဆေးကြောသန့်စင်ပေးရပါမယ်။ လိုအပ်ရင် သန့်စင်တဲ့ရေ ဒါမှမဟုတ် နားကြပ်တံလေးတွေကို အသုံးပြုနိုင်ပါတယ်။
၂။ သင့်ဆံပင်ညစ်ပတ်နေခြင်း။
သင့်ဆံပင် ညစ်ပတ်နေရင် ဘက်တီးရီးယားတွေဟာ ဆံပင်ကတဆင့် မျက်နှာပေါ်ကို ရောက်ရှိလာနိုင်ပါတယ် (ဆံပင်နဲ့ မျက်နှာအရေပြားက ကပ်ရပ်ရှိနေတာကိုး)။ ဒါကြောင့် ဘက်တီးရီးယားတွေရဲ့ ရန်ကို ကာကွယ်နိုင်ဖို့ သင့်အနေနဲ့ ခေါင်းမှန်မှန်လျှော်ရပါမယ်။ ဒါ့အပြင် တချို့ သော ခေါင်းလျှော်ရည်တွေဟာ ဝက်ခြံကို ပိုဆိုးစေတဲ့အတွက် နဖူးနဲ့ မထိတွေ့မိစေဖို့ သတိထားပါ။
၃။ စိတ်မရှည်ခြင်း။
ဘယ်အရာပဲဖြစ်ဖြစ် အခုလုပ်၊အခုမရပါဘူး။ ဝက်ခြံကုတဲ့ ကိစ္စမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ အကျိုးရလဒ်ကိုရရှိနိုင်ဖို့အတွက် အချိန်အတိုင်းအတာ တခုထိ စောင့်ကြည့်ရပါမယ်။ ဝက်ခြံကို နေ့ချင်းပြီး ကုသလို့မရသလို တစ်ပတ်အတွင်း ပျောက်ကင်းသွား အောင်လည်း လုပ်ပေးလို့မရပါဘူး။ အနည်းဆုံးတစ်လလောက်တော့ စောင့်ရမှာဖြစ်သလို ဒီထက်လည်း ပိုကြာနိုင်ပါတယ်။ဒါကြောင့်စိတ်ရှည်ပါ။ သင့်အရေပြားဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း အတိအကျလိုက်နာပါ။ အကျိုးထူးပါလိမ့်မယ်။
၄။ မျက်နှာအလွန်အကျွံသစ်ခြင်း။
သင့်အရေပြားမှာရှိတဲ့ အဆီတွေအားလုံးဟာ လူဆိုးတွေချည်းမဟုတ်ပါဘူး။ သင့်အရေပြားကို ကာကွယ်ဖို့နဲ့ အစိုဓါတ်ထိန်းပေးဖို့အတွက် မွေးညှင်းပေါက်တွေကနေ အဆီကို ထုတ်လုပ်ပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်တာဟာ ညစ်ပတ်လို့ ပေါက်တာမဟုတ်တဲ့အတွက် မျက်နှာကို တချိန်လုံးအလွန်အကျွံ သစ်နေခြင်းဟာ ဝက်ခြံတွေကို ထူးပြီး သက်သာသွားစေမှာမဟုတ်တဲ့အပြင် သင့်အရေပြားကို ပိုလို့ထိခိုက် လွယ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေးအပျော့စားနဲ့ ရေသန့်သန့်ကို သုံးပြီး မျက်နှာကို တစ်နေ့နှစ်ကြိမ်လောက်
အသာအယာသစ်ပါ။
၅။ မျက်နှာသစ်နည်း မမှန်ခြင်း။
သင့်အနေနဲ့ မျက်နှာသစ်ဖို့အတွက် မျက်နှာသစ်အဝတ်လေးကို သုံးစွဲကောင်းသုံးစွဲပါလိမ့်မယ်။ ညစ်ပတ်နေတဲ့ မျက်နှာသစ်အဝတ်ကို အသုံးမပြုပါနဲ့။ ဘာလို့လဲဆိုတော့ ဒီအဝတ်မှာ ဘက်တီးရီးယားတွေအများကြီးရှိနေနိုင်ပြီး မျက်နှာသစ်တဲ့အချိန်မှာ အဆိုပါ ဘက်တီးရီးယား တွေဟာ သင့်မျက်နှာပေါ်ကို ကူးပြောင်းရောက်ရှိသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ မျက်နှာကို ခပ်ကြမ်းကြမ်းဂျီးချွတ်တာ ဒါမှမဟုတ် မျက်နှာသစ်တဲ့ စက်ကလေးတွေကို အသုံးပြုတာဟာလည်းလိုတာထက်ပိုလာရင် မျက်နှာအရေပြားကို ထိခိုက်စေနိုင်ပြီး ရောင်ရမ်းလာပါလိမ့်မယ်။
၆။ ဝက်ခြံတွေကို ညှစ်ခြင်း၊ဆွခြင်း။
ဝက်ခြံညှစ်တာဟာ အကျိုးမရှိပါဘူး။ ဒီလိုညှစ်လိုက်ခြင်းအားဖြင့် ဝက်ခြံတွေကို ပျောက်မသွားစေတဲ့အပြင် အရေပြားအောက်နက်နက်ထိပါ ဒါဏ်ဖြစ်စေပြီး အမာရွတ်တွေကိုပါ ဖြစ်ပေါ်စေပါတယ်။ မှန်ကန်တဲ့ ကုသမှုနည်းလမ်းတွေကိုသာ အသုံးပြုမယ်ဆိုရင် ဝက်ခြံတွေသက်သာသွားမှာ ဖြစ်ပါတယ်။
၇။ အချိုတွေ စားလွန်းခြင်း။
ပေါင်မုန့်ဖြူ၊ သကြားလုံး၊ ကိတ်မုန့် ၊ အာလူးတို့လို အချိုဓါတ်များများ ပါဝင်တဲ့ အစားအစာတွေကို စားခြင်းဟာ ဝက်ခြံပေါက်ခြင်း နဲ့ ဆက်စပ်နေတယ်ဆိုတာကို လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်နေတဲ့အချိန်မှာ အဆိုပါအစားအစာတွေကိုသတိထားပြီး စားရမှာ ဖြစ်ပါတယ်။
သင့်အနေနဲ့ အရေပြားဆရာဝန် ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာပေမယ့် အထက်ဖော်ပြပါ အမူအကျင့်လေးတွေကို မပြင်ဘူး၊ သတိမမူမိဘူးဆိုရင် ကုသမှုတွေအကုန်လုံးဟာ အဟောသိကံဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အမူအကျင့်ဆိုးတွေကိုရှာဖွေပြင်ဆင်မယ်ဆိုရင် ဝက်ခြံကုသတဲ့ စစ်ဆင်ရေးကြီး အောင်မြင်စွာ ပြီးဆုံးသွားမှာပဲ ဖြစ်ပါကြောင်း။
credit Hello ဆရာဝန်
100%အာမခံပေးပါတယ်။
၀က်ခြံပျောက်ဆေးမျိုးစုံသုံးပြီး မပျောက်လို့စိတ်ငြစ်နေလား
Mikado ကိုသုံးကြည့် အာမခံတယ် မပျောက်ရင် ၁၀၀%ငွေပြန်အမ်းတယ်
၀က်ခြံအသစ်ဆိုရင် နာရီပိုင်းနဲ့ပျောက်တယ် အသားကိုလဲ မချောက်စေဘူး
ထိုင်းနိုင်ငံမှာ အကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ Japan ပိုင်စက်ရုံထုပ် ဆေးဖြစ်ပါတယ်
၀က်ခြံ ဆား၀က်ခြံ ကြာဆူး မျက်နှာ ရင်ဘတ် ကျောကုန်း မှာရှိတဲ့၀က်ခြံတွေကို ပျောက်ကင်းနိုင်ပါတယ်
နှာခေါင်းရှိကြာဆူးများအတွက်ဆိုရင်တော့ ဆပ်ပြာကိုသုံးကြည့်ပါ တစ်ခါသုံးရုံဖြင့် ပျောက်ကင်းနိုင်ပါသည် ချွေးပေါက်အတွင်းရှိ ဖုံ ပိုးမွား မှို အဆီအိပ်များကို သန့်ရှင်းပေးနိုင်သည့်အတွက် ကြာဆူးဖြစ်ချင်း ၀က်ခြံပေါက်ခြင်းကို ကာကွယ်ပေးပါသည် အကယ်၍ ကြောင်းကြောင်းကြောင့် ၀က်ခြံထွက်လာပါက Mikado ဆေးကိုသုံးခြင်းဖြင့် နာရီပိုင်အတွင်းပျောက်ကင်းနိုင်ပါသည်
စျေးနှုန်း ၁၃၅၀၀ ကို ၄၀% လျှော့စျေးဖြင့် ၈၀၀၀ နဲ့ရောင်းချပေးနေပါသည်
ယခုလ အထူးအစီအစဥ် ဆေး၀ယ်ရင် ၀က်ခြံပျောက် ဆေးဆပ်ပြာအလကားပေးနေပါပြီ
ဆပ်ပြာသီးသန့်၀ယ်လိုပါက ပုံမှန်စျေး ၆၀၀၀ ကို ၅၀% လျှော့စျေးဖြင့် ၃၀၀၀ နဲ့ရောင်းချပေးနေပါသည်
ကဲ မြန်မြန်သာ၀ယ်ကြနော် ဆေးနဲ့ဆပ်ပြာ နှစ်ခုပေါင်းကို ၁၉၅၀၀ အစား ၈၀၀၀ ထဲနဲ့ရမှာ မပျောက်ရင် ၁၀၀% ငွေပြန်အမ်းတော့ ဘာမှဆုံးရှုံးစရာမရှိဘူး
ဆက်သွယ်ရန်ဖုန်း - 09886212012
facebook page မှာလာဝယ်လိုရတယ် နော် https://www.facebook.com/mikadoacnegel/
နယ်ကိုယ်စားလှယ်များဆက်သွယ်နိုင်ပါသည်။


Comments
Post a Comment