သင့်ဝက်ခြံကို ပိုဆိုးလာစေမယ့် အမူအကျင့် ၇ မျိုး
ဝက်ခြံကို ကုသဖို့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာရဲ့လား။ ဝက်ခြံပျောက်အောင် အားလုံးလုပ်ပြီးပြီလို့သင်ယူဆပါသလား။ ဒါပေ မယ့် အချို့သော အမူအကျင့်တွေဟာ သင်ကြိုးစားထားသမျှကို သဲထဲရေသွန် ဖြစ်သွားစေနိုင်ပါတယ်။ ကဲ သင့်ဝက်ခြံတွေကို ပိုဆိုးသွား စေနိုင်မယ့် အကျင့်ဆိုး ၇ မျိုးကို ကြည့်လိုက်ရအောင်။ ၁။ မျက်နှာနဲ့ ညစ်ပတ်တဲ့ အရာတွေ ထိတွေ့ခြင်း။ သင့်မျက်နှာကို လက်ညစ်ပတ်ကြီးနဲ့ ကိုင်ရင် မျက်နှာအရေပြားပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာပါလိမ့်မယ်။ လက်နဲ့မကိုင်ဘူး၊ မထိဘူးဆိုရင်လည်း တခြားအရာတွေကို သတိထားရပါဦးမယ်။ လက်ကိုင်ဖုန်း၊မိတ်ကပ်ဘရပ်ရှ် အစရှိတဲ့ အရာတွေကို မျက်နှာနဲ့ ကပ်တဲ့အခါ မျက်နှာက အဆီနဲ့ ချွေးတွေဟာ အဆိုပါ အရာဝတ္ထုပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပြီး မသန့်စင်ဘဲ ဒီတိုင်းထားမယ်ဆိုရင်နောက်တစ်ကြိမ်ဒီအရာတွေနဲ့ သင့်မျက်နှာထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေ သင့်မျက်နှာအရေပြားပေါ်မှာ ပေါက်ပွားလာမှာဖြစ်တဲ့အတွက် ဝက်ခြံအများအပြားထွက်စေပါလိမ့်မယ်။ ဒါကြောင့် မျက်နှာနဲ့ ထိတွေ့နေရတဲ့ အရာဝတ္ထုတွေကို သင့်တော်သလို ဆေးကြောသန့်စင်ပေးရပါမယ်။ လိုအပ်ရင် သန့်စင်တဲ့ရေ ဒါမှမဟုတ် နားကြပ်တံလေးတွေကို အသုံးပြုနိုင်ပါတယ်။ ၂။ သင့်ဆံပင...